နောက်လကစပြီး ကျွန်တော်ရေးသားတဲ့ ပိုစ့်တိုင်းကို ဇော်ဂျီ font အစား padauk font နဲ့ ပြောင်းလဲရေးသားတော့မှာ ဖြစ်ပါတယ်။ download link မှာပေးထားတဲ့ font file ကို install လုပ်လိုက်ရုံနဲ့ မူလအတိုင်း ဆက်လက်ဖတ်ရှုလို့ရမှာ ဖြစ်ပါတယ်။ သူများတွေအားလုံး ဇော်ဂျီနဲ့ ရေးနေကြချိန်မှာ ကျွန်တော်က ဘာ့ကြောင့် unicode ကိုသုံးရတာလဲဆိုတော့ သုံးသင့်တယ်ထင်လို့ သုံးတယ်လို့ ပြောရမှာပါပဲ။ ဇော်ဂျီကြောင့်ပဲ ကျွန်တော် ဘလော်ဂါ ဖြစ်လာတာပါ။ သို့သော် လက်ရှိအချိန်မှာ မြန်မာ unicode font တွေရှိနေပြီ ဖြစ်တဲ့အတွက် ဇော်ဂျီကို ဆက်လက်ပြီး ဖက်တွယ်နေဖို့ မသင့်တော့ဘူးလို့ ယူဆပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုချက်
ရင်ကျပ်ခြင်းကို ဖြစ်စေတဲ့ အချက်တွေ များစွာရှိပါတယ်။ ဘာ့ကြောင့် ဖြစ်တယ်ဆိုတဲ့ Theory တွေလည်း အများကြီးရှိပါတယ်။
ရင်ကျပ်ရောဂါရဲ့ ရောဂါလက္ခဏာများ
ခဏခဏအသက်ရှူကျပ်ခြင်းနှင့် အသက်ရှူလျှင် တရွှီရွှီ မြည်ခြင်း
ညဘက်ချောင်းဆိုးခြင်း
ရင်ကျပ်စေသော လက်သည်ရှိခြင်း၊ ဥပမာ – ဖုန်မှုန့်၊ မီးခိုး၊ ပြင်းပြသော အနံ့များ
အဖေအမေ နှင့် မောင်နှမသားချင်းများတွင် ရပ်ကြပ်ရှိခြင်း
ရာသီအလိုက်ဖြစ်ပွားခြင်း
လေပြွန်ကို ကျယ်စေသော ဆေးများပေးလိုက်ပါက ချက်ချင်းသက်သာခြင်း
အခြားသော ဓာတ်မတည့်သည့် ရောဂါတစ်ခုခုရှိခြင်း၊ ဥပမာ – နှင်းခူ၊ ဓာတ်မတည့်သောကြောင့် နှာစေးခြင်း
ရင်ဘက်သည် မို့မောက်ပြီး အဆုပ်အတွင်းတွင် လေများပြည့်နေခြင်း နှင့် အခြားသော ရင်ဘက်အရိုးများ မူမမှန်ဖြစ်ခြင်း
အသက်ရှူထုတ်လိုက်သောအခါ rhonchi ဟုခေါ်သည့် အသံကို ရင်ဘက်အနံ့တွင် ကြားရခြင်း (နားကြပ်ဖြင့်)
ရင်ကြပ်ရှိသောကလေးတစ်ယောက် ရုတ်တရက်ရင်ကြပ်ထဖောက်လာသည့် လက္ခဏာများ
အသက်အန္တာရာယ်ရှိနိုင်သော ရင်ကြပ်ခြင်း၏ လက္ခဏာများ
နောက်ဆက်တွဲဝင်လာသော ရောဂါအခြေအနေများ
ကလေးတစ်ယောက် ခဏခဏရင်ကြပ်သကဲ့သို့ အသက်ရှူကြပ်နေပါက ဖြစ်နိုင်သော အခြေအနေများ (Differential Diagnosis)
ရောဂါကို စုံစမ်းစစ်ဆေးခြင်း(Investigation)
ရုတ်တရက် ရင်ကြပ်လာပါက ကုသပုံ
အသက်အန္တာရာယ်ရှိနိုင်သော လက္ခဏာများပေါ်ပေါက်လာပါက ကုသပုံ
ရေရှည်အတွက် သိသင့်သောအချက်များ (Long Term Management)
Reference:
Handbook for undergraduate Paediatrics, Dept of Child Health, University of Medicine, Myanmar

ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ နေထိုင်မှုပုံစံ(LifeStyle) နေထိုင်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ၂၃% အထိ ကာကွယ်နိုင်တယ်လို့ ဒိန်းမတ်နိုင်ငံ(Denmark) မှာ ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါဆောင်းပါးကို အောက်တိုဘာ ၂၆ ရက် ၂၀၁၀ ရက်စွဲနဲ့ BMJ(British Medical Journal) မှာ ဖော်ပြထားပါတယ်။
“ပြည်သူတွေဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်တဲ့ လမ်းညွှန်မှုတွေကို သေသေချာချာ လိုက်နာဖို့ လိုအပ်ကြောင်း၊ မကြီးမားလှတဲ့ လုပ်ဆောင်ချက်တွေဟာ ကျန်းမာရေးရလဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်ကြောင်း ကို လက်ရှိ ရလဒ်များက ညွှန်းဆိုနေပါတယ်” လို့ သုတေသနမှာ ပါဝင်တဲ့ သုတေသီတစ်ဦးက ဆိုပါတယ်။
သုတေသနာမှာ နေထိုင်မှုပုံစံနဲ့ ပတ်သက်တဲ့ မေးခွန်းပုံစံတွေကို အသက် ၅၀ နဲ့ ၆၄ ကြားမှာရှိတဲ့ ပြည်သူ ၅၇,၀၅၃ ကို ဖြည့်စွက်ခိုင်းပါတယ်။ ကင်ဆာမျိုးရိုးရှိသူတွေ၊ ကာလကြာရှည် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနေသူတွေနဲ့ ဟော်မုန်းအစားထိုးဆေးတွေ သောက်သုံးနေတဲ့ အမျိုးသမီးတွေ မပါဝင်ပါဘူး။ သုတေသနအဖွဲ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ကင်ဆာရန်ပုံငွေအဖွဲ့များကနေ ထုတ်ပြန်ထားကြတဲ့ နေထိုင်မှုပုံစံ စံညွှန်းကိန်းများကို Denmark မှာ အသုံးပြုတဲ့ Nordic Nutrition Recommendation နဲ့ ပေါင်းစပ်ပြီး စံညွှန်းတစ်ခု ဖန်တီးလိုက်ပါတယ်။ အဆိုပါစံညွှန်းဖြင့် သုတေသနပြုလုပ်ခြင်း ဖြစ်ပါတယ်။
စံညွှန်းမှာ ပါဝင်တဲ့ အချက်တွေကတော့
တို့ပါဝင်ကြပါတယ်။
follow up ကို ၁၀ နှစ်ကြာမှ ပြန်လုပ်လိုက်တဲ့အခါမှာ ၆၇၈ ယောက်မှာ အူမကြီးကင်ဆာဖြစ်နေတာကို တွေ့ရပါတယ်။ အမျိုးသားများတွင် အဓိကဖြစ်ပွားသည်ကို တွေ့ရသည်။ ကင်ဆာဖြစ်ပွားသူများအားလုံး၏ ၂၃ % တို့သည် သတ်မှတ်ထားသော စံညွှန်းများကို မလိုက်နာသည်ကို တွေ့ရသည်။ “အူမကြီး ကင်ဆာဖြစ်ပွားနှုန်းသည် နေထိုင်မှုစံညွှန်းများကို လိုက်နာမှုနှင့် ပြောင်းပြန်အချိုးကျသည်။ ကျန်းမာအောင် နေထိုင်လေလေ ကင်ဆာဖြစ်ပွားမှု လျော့နည်းလေလေဖြစ်သည်” ဟု သုတေသီများက ဆိုကြသည်။
အခုတလေ မြန်မာပြည်မှာ မျက်စိနာတဲ့သူတွေ အတွေ့များနေလို့ မျက်စိနာတဲ့အကြောင်း တင်ပေးလိုက်ပါတယ်။ နယ်မြို့များတွင်သာမက ရန်ကုန်မှာပါ မျက်စိနာကြသူတွေ မရှားပါဘူး။ အောက်ပါ ဆောင်းပါးဟာ မြန်မာဝီကီပီးဒီးယားအတွက် ရေးထားတဲ့ စာမူဖြစ်ပါတယ်။ PHIM မှာ ဖတ်လို့ရအောင် Myanmar3 မှ Zawgyi သို့ပြောင်းပြီး တင်ပေးလိုက်ပါတယ်။ စွယ်စုံကျမ်းဆောင်းပါးဖြစ်တဲ့အတွက် ပုံမှန် Blog Post တစ်ခုနဲ့တော့ တူမှာ မဟုတ်ပါဘူး။ အကယ်၍ အောက်ပါဆောင်းပါးမှာ မျက်စိနာခြင်းနှင့် ပတ်သက်ပြီး ထပ်မံဖြည့်စွက်လိုခြင်း၊ ပြင်လိုခြင်းရှိပါက အောက်ပါ Link တွင် သွားရောက် ဖတ်ရှုပြင်ဆင်နိုင်ပါတယ်။
မျက်စိနာခြင်းဆိုသည်မှာ Conjunctiva ဟုခေါ်သည့် မျက်စိ၏ အပေါ်ဆုံးအလွှာ ရောင်ရမ်းခြင်းဖြစ်သည်။ ဆေးပညာအရ Conjunctivitis ဟုခေါ်သည်။ မျက်စိနာခြင်းသည် များသောအားဖြင့် ကူးစက်ရောဂါပိုးများကြောင့် အဖြစ်များပြီး ဓာတ်မတည့်မှုများကြောင့်လည်း ဖြစ်တတ်ကြသည်။
အမျိုးအစားများ
ဖြစ်စေသောအကြောင်းအရာအပေါ်မူတည်၍ အမျိုးအစားခွဲခြင်း
ရောဂါပျံ့နှံ့မှုအပေါ် မူတည်၍ အမျိုးအစားခွဲခြင်း
ရောဂါလက္ခဏာများ
မျက်စိသည် နီနေခြင်း (Red eye)
မျက်စိ ခိုးလိုးခုလုဖြစ်နေခြင်း (Irritation)
မျက်စိမှ ပြည် (သို့) မျက်ရည်များကျခြင်း (Discharge)
အထက်ပါ လက္ခဏာများကို မျက်စိအပေါ်ယံလွှာရောင်ရမ်းသည့် အခြေအနေအားလုံးတွင် တွေ့ရသည်။ သို့သော် မျက်စိသူငယ်အိမ်သည် ဓာတ်မီးနှင့် ထိုးလိုက်ပါက ကောင်းစွာ တုံ့ပြန်မှုရှိရမည်ဖြစ်ပြီး မျက်စိမှုံခြင်း ၀ါးခြင်းများကို မဖြစ်စေပါ။
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း(Viral conjunctivitis)
ဗိုင်းရပ်စ်ပိုးကြောင့် မျက်စိနာပါက သူတစ်ခုတည်းဖြစ်တတ်သလို အအေးမိခြင်း၊ လည်ခေါင်းနာခြင်း တို့နှင့်လည်း တွဲဖက်၍ ဖြစ်တတ်သည်။ ၎င်း၏ လက္ခဏာများမှာ မျက်ရည်များကျခြင်းနှင့် မျက်စိယားယံခြင်း(သို့) ခိုးလိုးခုလုဖြစ်ခြင်းတို့ ဖြစ်သည်။ မျက်စိတစ်ဖက်တွင် စတင်၍ဖြစ်ပွားတတ်ပြီး အခြားတစ်ဖက်သို့ လျင်မြန်စွာ ကူးစက်သွားတတ်သည်။ အဖြစ်များသော virus များမှာ adenovirus နှင့် herpes simplex(ရေယုန်) တို့ဖြစ်ကြသည်။
ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော မျက်စိ အပေါ်ယံလွှာရောင်ရမ်းခြင်း(Bacterial conjunctivitis)
လူတွေကြားထဲတွင် အတွေ့ရများသော ပြည်ကို ဖြစ်စေသည့် ဘက်တီးရီးယားပိုးများ(common pus-producing bacteria) များကြောင့် အဖြစ်များသည်။ Chlamydiae trachomatis ပိုးကြောင့် ဖြစ်ပါက မျက်ခမ်းစပ်ရောဂါဟု ခေါ်သည်။ ၎င်း၏ လက္ခဏာများမှာ အလွန်အမင်း မျက်စိယားယံခြင်းနှင့် အစိမ်းရောင် (သို့) အ၀ါရောင်ရှိသော ပြည်များ ထွက်ခြင်းဖြစ်သည်။ ထိုပြည်များကြောင့် မျက်ခွံများသည် ကောင်းစွာ ဖွင့်လို့မရဘဲ ကပ်နေတတ်သည်။ သို့သော် ပြည်မထွက်ခြင်းကြောင့် ဘက်တီးရီးယားပိုးကြောင့် မဖြစ်နိုင်ဟု ပုံသေမယူဆနိုင်ပါ။ မျက်ခမ်းစပ်ရောဂါတွင် မျက်လုံးက သိပ်ပြီးမနီဘဲ ပြည်မထွက်သည့်အခါများလည်း ရှိသည်။ အခြားလက္ခဏာတစ်ခုမှာ မျက်လုံးတစ်ဝိုက်တွင် အရေပြားများ ခြောက်သွေ့ကာ အဖတ်များအဖြစ် ကွာခြင်း (severe crusting) ဖြစ်သည်။ မျက်လုံးအတွင်း ပြည်များစုလာပါက ခိုးလိုးခုလုဖြစ်ကာ ပြင်ပမှ အမှုန်အမွှားတစ်ခုခု မျက်စိထဲဝင်နေသည်ဟုပင် ထင်ရတတ်သည်။ ရောဂါပြင်းထန်ပါက မျက်စိက နာကျင်လာတတ်ပါသည်။ virus ကြောင့် ဖြစ်သော ရောဂါကဲ့သို့ပင် မျက်လုံးတစ်ဖက်တွင် အရင်ဖြစ်ပြီး အခြားတစ်ဖက်သို့ ကူးသွားတတ်သည်။
ဓာတုဗေဒပစ္စည်းများကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း (Chemical conjunctivitis)
အားပြင်းသည့် ဓာတုဗေဒပစ္စည်းများ မျက်လုံးအတွင်းသို့ ၀င်သွားပါက မျက်စိအပေါ်ယံလွှာကို အရင်ဆုံးရောင်ရမ်းစေမည်ဖြစ်သည်။ မည်သည့် ဓာတုဗေဒပစ္စည်းမဆို ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံတွင် အက်ဆစ်ကြောင့် ရောင်ရမ်းခြင်းနှင့် အယ်ကာလီ တို့ကြောင့်ရောင်ရမ်းခြင်းတို့က အဖြစ်များသည်။ ထိုအခါမျက်စိသည် အလွန်အမင်းနာကျင်တတ်ပြီး မျက်ရည်ကျခြင်းနှင့် ယားယံခြင်းများ မရှိတတ်ပေ။ မျက်စိသည် အရမ်းနီနေတတ်သည်။ အရောင်ချွတ်ဆေးများတွင် ပါဝင်သော အယ်ကာလီတစ်မျိုးဖြစ်သည့် sodium hydroxide ၀င်ပါက မျက်စိ အပေါ်ယံလွှာတစ်ခုလုံး ပျက်စီးသွားတတ်ပြီး မျက်စိအပေါ်ယံလွှာသည် ကြည်မနေတော့ဘဲ ဖြူသွားတတ်သည်။ ဖြူသွားပြီးနောက်တွင် အရေပြားလန်လာတတ်သည်။
ကူးစက်ပုံ (Transmission)
ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်းသည် လေထုထဲမှတဆင့် မျက်စိထဲဝင်ကာ ကူးစက်နိုင်သည်။ မြန်မာနိုင်ငံတွင် ရေရှားပါးပြီး ဖုန်ထူသော အရပ်များ၌ နွေအခါနှင့် ဆောင်းအခါတို့တွင် အဖြစ်များသည်။ ပူအိုက်ခြောက်သွေ့သော ရာသီဥတုတွင် ဗိုင်းရပ်စ်ပိုးများ အပွားလွယ်သောကြောင့်ဖြစ်သည်။ အတူနေ လူပုဂ္ဂိုလ်တစ်ယောက်မှ တဆင့် အခြားတစ်ယောက်ဆီသို့ လျှင်မြန်စွာ ကူးစက်နိုင်သည်။ ရောဂါရှင်၏ အသုံးအဆောင်များကို ကိုင်တွယ်ပြီး မျက်စိကို ပွတ်သပ်ခြင်းဖြင့်လည်း ကူးစက်နိုင်သည်။
ဓာတ်ခွဲစစ်ဆေးခြင်း (Laboratory Investigation)
များသောအားဖြင့် မလိုတတ်ပါ။ နေရာဒေသအပေါ်မူတည်၍ ရာသီအလိုက် အဖြစ်များသောကြောင့် မျက်စဉ်းခပ်ဆေးများနှင့် သောက်ဆေးများပေးလိုက်ပါက သက်သာပျေက်ကင်းသွားတတ်ကြသည်။ သို့သော် ဆေးပေးသော်လည်း မသက်သာပါက အချိန်မနှောင်းမီ ကုသရန်အတွက် ပိုးနမူနာ ရယူရန်လိုအပ်ပါသည်။ မျက်စိအပေါ်ယံလွှာမှ ထွက်သော အရည်ကို sample ရယူပြီး ဓာတ်ခွဲခန်းတွင် ရောဂါပိုးရှာဖွေရမည်ဖြစ်သည်။
စီမံခန့်ခွဲခြင်း(Management)
မျက်စိနာခြင်း၏ ၆၅ % သည် ကုသမှုမခံယူဘဲ ၂-၅ ရက်အတွင်း သက်သာသွားတတ်သည်။ ထို့ကြောင့် ပဋိဇီဝဆေးများ (Antibiotics) သည် အမြဲတမ်း မလိုအပ်ပေ။
ဓာတ်မတည့်မှုကြောင့် ဖြစ်ပါက ကုသပုံ
ရောင်ရမ်းမှုကို လျော့ချရန်အတွက် အေးသောရေဖြင့် ရောင်တဲ့အခြမ်းကို ဆေးပေးရမည်။ ပဋိဇီဝဆေးများ မပါဝင်သည့် မျက်စဉ်းဆေးများကို အသုံးပြုနိုင်သည်။ နာကျင်ပါက အကိုက်အခဲပျောက်ဆေးနှင့် allergy သက်သာစေရန် burmeton သို့မဟုတ် cetrizine အစရှိသော anti-histimine ဆေးများ သောက်သုံးနိုင်သည်။ ထိုသို့ပြုလုပ်၍ မသက်သာမှသာ steroid ပါဝင်သော မျက်စဉ်းဆေးများကို သုံးရမည်ဖြစ်သည်။
ဘက်တီးရီးယားကြောင့် ဖြစ်ပါက ကုသပုံ
ဘက်တီးရီးယားကြောင့် ဖြစ်သော်လည်း ပဋိဇီဝ ဆေးများ ချက်ချင်းမလိုအပ်ပါ။ အလိုလိုပျောက်ကင်းသွားတတ်သည်။ ၃ရက်ခန့်စောင့်ကြည့်ပြီး မသက်သာမှသာ အဆိုပါဆေးများပေးသင့်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ လူနာများ၏ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းမှုကြောင့် ဆရာဝန်များက မျက်စိနာတယ် ဆိုသည်နှင့် ပဋိဇီဝ ဆေးများပေးတတ်သည်။
ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါက ကုသပုံ
ဗိုင်းရပ်စ်ကြောင့် ဖြစ်လျှင်လည်း ပဋိဇီဝ ဆေးများမလိုအပ်ပါ။ မျက်စဉ်းဆေးဖြင့်ပင် ပျောက်ပါသည်။ သို့သော် သန့်ရှင်းရေးအားနည်းမှုကြောင့် ဗိုင်းရပ်စ်ပိုးဝင်ပြီး ဘက်တီးရီးယားပိုးလည်း ထပ်ဝင်နေတတ်သည်။ ထို့ကြောင့် ဆရာဝန်များသည် ပဋိဇီဝ ဆေးများ ပေးတတ်ကြသည်။ ဗိုင်းရပ်စ်ကို ပဋိဇီဝ ဆေးများက နိုင်သောကြောင့် မဟုတ်ပါ။ ၎င်းနောက်မှ လိုက်ဝင်လာသော ဘက်တီးရီးယားပိုးများ (secondary bacterial infection) ကို သတ်ဖို့သာ ဖြစ်ပါသည်။
ဓာတုဗေဒပစ္စည်းများကြောင့် ဖြစ်ပါက ကုသပုံ
ထိခိုက်သွားသော မျက်လုံးကို သန့်ရှင်းသောရေဖြင့် နိုင်နိုင်ဆေးရမည်။ အတတ်နိုင်ဆုံး သိလျှင် သိချင်းဆေးရမည်။ ဓာတုဗေဒ ဆေးရည်များဝင်ခြင်းသည် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်သည်။ အခန့်မသင့်ပါက မျက်စိကန်းတတ်သည်။ ထို့ကြောင့် ရေဆေးပြီးနောက် ဆေးရုံသို့ ချက်ချင်းသွားကာ ကုသမှုခံယူရမည်။